Sunday, April 20, 2014

မန်းလေးတိုင်းဝန်ကြီးချုပ်အိမ်ထဲမီးလောင်ကားမောင်းသူအဖမ်းခံရ

မန်းလေးတိုင်းဝန်ကြီးချုပ်အိမ်ထဲမီးလောင်တာအိမ်အပြင်နေတဲ့
ကားမောင်းသူအဖမ်းခံရတာဆိုတော့..ကားမောင်းသူကအဲ့ဒီအ
ချိန်အိမ်တွင်းအခန်းတခုခုမှာရှိလို့နေမှာ.....



ဒရိုင်ဘာကသူ့အိပ်ခန်းထဲရှိနေတာမကျေနပ်လို့အခန်းကိုမီးတင်ရှို့တယ်တို့....ဘာတို့....



မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ၂၄ လမ်းပေါ်၊ ၆၅ လမ်းထောင့်ရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ ဝန်ကြီးချုပ် ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ ရက်၊ ည ၈ နာရီ ၃၀ ခန့် မီးလောင်ကျွမ်းမှုအပေါ် မည်သည့်ဌာန ဆိုင်ရာကမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဧပြီ ၂၀ရက် နံနက်က ဈေးချို ဟိုတယ် မီးလောင်မှုကိုမူ တိုင်းမီးသတ်ဦးစီးဌာနက နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ်အိမ် မီလောင်းကျွမ်းမှုနှင့် ပတ်သက်၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် အဆိုပါဖြစ်စဉ်ကို ၎င်းတို့ဌာနက ကိုင်တွယ်ခြင်းမရှိဘဲ မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကသာ တာဝန်ယူထားသည်ဟု ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီ အချိန် တာဝန်ကျ တာဝန်မှူးက ပြန်လည် ဖြေကြားသည်။
ထို့ကြောင့် တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးဌာနသို့ မေးမြန်းရာတွင်လည်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၎င်းတို့ဌာနက မသိရှိ၍ ဖြေဆိုရန် မဖြစ်နိုင်ဟု ငြင်းဆိုခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသာ တိုက်ရိုက်သွားရောက် မေးမြန်းပါဟု ဧပြီလ ၂၀ရက်က တာဝန်မှူးအဖြစ် ထမ်းဆောင်နေသူ အမျိုးသမီးက ပြန်လည်ဖြေကြားသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဝန်ကြီးများ အစည်းအဝေး လုပ်နေသောကြောင့် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးဟုသာ အစိုးရဖွဲ့ ဝန်ထမ်းတစ်ဦးက ပြောသည်။
Mizzima - News in Burmese

No comments: