Monday, April 14, 2014

သမိုင်းရဲ့ အမည်းစက် ဒီတစ်ကွက် တရားခံ ဘယ်သူလဲဟေ့



 ( ဒေါင်းတို့မျိုးဆက် သံချပ်မှ )

ကျောင်းသားတွေရဲ့ ခေတ်သမိုင်းကို
ကြောက်ရွံ့သူတွေ တားမြစ်ခဲ့
အမိတက္ကသိုလ်ရဲ့ တန်ဖိုးကို
အလေးမထားသူတွေ အဝေးပို့ခဲ့
ဆင်ခြင်ဉာဏ်ကို ခွင့်ပြုမပေး
မြန်မာပြည်ပညာ ကြက်တူရွေး
နိုင်ငံတကာကို အဆင့်မမှီ
အိမ်ဖော်ဝင်ကာ လုပ်ပြီ

နိုင်ငံတကာကို အဆင့်မမှီ
အိမ်ဖော်ဝင်ကာ လုပ်ပြီ
ခေတ်ရဲ့လက်ချက်လား ... အဘတို့လက်ချက်လား
သမိုင်းရဲ့ အမည်းစက် ဒီတစ်ကွက်
တရားခံ ဘယ်သူလဲဟေ့ .. တရားခံဘယ်သူလဲဟေ့

No comments: