Monday, July 6, 2015

ခြသေ့င်္ ပုံတံဆိပ်နဲ့ သကြားလုံးထုတ်ကလေးတွေ

San Maung
ဘတ်စ်ကား တစ်စီး မှတ်တိုင်မှာ ဝေါကနဲ ထိုးရပ်လာသည်.....

မှတ်တိုင်က ဘတ်စ်ကားဂိတ်ပေါင်းစုဆုံရာ ဖြစ်သောကြောင့်...

လက်ပွေ့ ဈေးသည်....လမ်းဘေးဈေးသည်တွေ က အပြည့်....

ကားတစ်စီးလာလိုက်.... လက်ပွေ့ ဈေးသည်လေးတွေ က

အော်ဟစ် တက်ရောင်းလိုက်...ပြန်ဆင်းသွားလိုက်...

စပါယ်ရာ ဒရိုင်ဘာတွေ က ရေ၀ယ်သောက်...ကွမ်းဝယ်စား...

ကားစောင့် သည့် လူအုပ်ကြီးက တက်လိုက်ကြ....ဆင်းလိုက်ကြ...

ထို အချိန်တွင်...တိုက်ပုံး အဖြူ ပုဆိုးစိမ်း တွေ နဲ့ ရင်ဘတ်မှာ ခြသေ့င်္ ပုံတံဆိပ်

ထိုးထားသော ခေါင်းပေါင်းနှင့် လူတစ်သိုက်တက်လာသည်....

သကြားလုံးထုတ်ကလေးတွေ လက်ထဲမှာ ပါလာသည်...

ပြီးတော့ စာရွက်အထပ်တွေ လည်း တစ်ပွေ့ တစ်ပိုက်ပါသည်...

စာရွက်ထပ်တွေ ထဲက တစ်ရွက်ကို ထုတ်လိုက်....

သကြားလုံး ၂ လုံး နှင့်တွဲပြီး လူတွေ ကို ပေးလိုက်နှင့်

ရှေ့ ပေါက်မှ တက်ပြီး လူတွေ ကို ဝေပြီး နောက်ပေါက်က ဆင်းသွားကြသည်..။



လူတွေ က စာရွက်ပေါ်က ပုံတွေကို စိတ်မ၀င်စားကြ...

သကြားလုံးကို တော့ ယူကြသည်...။ ပြီးတော့စာရွက်တွေကို လုံးချေပြီး လွှင့်ပစ်သူပစ်...

ခေါက်ပြီး ဘတ်စ်ကား တံခါးကြားထိုးထဲ့သူထဲ့ ပြီး သကြားလုံးမြုံ့ နေကြသည်...။

ထိုအချင်းအရာကို စာရွက်ဝေသည့် လူတစ်ယောက်က တွေ့ သွားပြီး...တင်းသွား၏

စားရွက်ကို လုံးချေပြီး လွှင့်ပစ်လိုက်သည့် မိန်းမကြီး တစ်ယောက်ကို မေးလိုက်သည်...

အဒေါ် က သကြားလုံးတော့ စားတယ်... ဒီစာရွက်ပေါ်က ပုံနဲ့ စာတွေ ကို ဖတ်ပါအုံးလား..

အို...အေ...ငါဖတ်ပါတယ်... ဒီစာရွက်ပေါ်က သမ္မတ ဆိုတဲ့ အကောင်....ပါးစပ်က တစ်လ

တစ်လ လေဒယိုက နေ ညှက်ညှက် ညှက်ညှက်နဲ့ ပြောပြီး...ပျော့ပျော့ကလေးနဲ့နံတဲ့

ကြောင်ချေး.... အကြောင်းသိပါ့အေ....

အခုဟာက နင်တို့က သမ၀ါယမ ခေတ်ကလို... ရွှေဝါဆပ်ပြာနဲ့ ဆင်ချေးတုံးဆပ်ပြာ

တွဲ ပေးသလို အချိုးနဲ့ ပြည်သူကို လာလုပ်ပြီး...သကြားလုံးနဲ့ ဖွတ်ကျား တွဲပေးလို့သာ

သကြားလုံးစားချင်လို့ ယူစားပြီး... သကြားလုံးလောက်တောင် တန်ဖိုးမရှိလို့
လွှတ်ပစ်တာပေါ့ဟဲ့..... သကြားလုံးနဲ့တွဲဝေ တဲ့ နင်တို့ အသိစိတ်ထဲမှာလည်း...
နင်တို့ သမ္မတ ကို သကြားလုံးလောက်တောင် တန်ဘိုးမရှိဘူးလို့ ယုံလို့...
တွဲပြီး ဝေတာ မဟုတ်လားဟဲ့...

ဟော့ ဟိုမှာ ကြည့်စမ်း....ဒေါ်အောင်ဆန်းစုကြည်ပုံ ပြက္ခဒိန်တွေ ရောင်းနေတဲ့
ကောင်လေးတွေ....အများကြီးပဲ တွေ့လား...သူတို့ က ဒေါ်အောင်ဆန်းစုကြည်
ပုံပါရင် ရောင်းရမှန်း ရောင်းကောင်းမှန်းသိလို့...
ပိုက်ဆံ နဲ့ ၀ယ်ပြီး ပိုက်ဆံ နဲ့ ပြန်ရောင်းကြတယ်...

လူတွေ က ဆင်းရဲ ကြပေမယ့်....ကိုယ့် ကို ထမင်းကြွေးနိုင်တာ...
ဘယ်သူ...ဘယ်သူဆိုတာတော့ ခွဲခြားပြီး သိကြသဟဲ့....

ဒေါ်အောင်ဆန်းစုကြည်ပုံ ကို သကြားလုံးနဲ့ တွဲ ဝေ တာ နင်တို့ တွေ့ဘူးကြသလား...
ပြောကြစမ်းဘာ...... လို့လည်း...မိန်းမကြီးက အငေါ်တူး လိုက်ရော...
ဖွတ်ကျားတွေ ဘတ်စ်ကားပေါ်က ဆင်းပြေးကြပါလေရောဗျာ...။
ဟက်..ဟက်....

No comments: