Friday, March 19, 2021

အမေရိကန်သံရုံး​၏ယနေ့ကြေညာချက်ထုတ်ပြန်

 မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ရန်ကုန်မြို့ရှိ အခြားသံရုံးများနည်းတူ မိမိတို့ ကြိုဆိုပါသည်။ ဤသို့ကျူးလွန်ချိုးဖောက်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးပါသည်။ ထိုမှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ၄င်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ပြီး ကျူးလွန်သူများကို တာဝန်ခံစေမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) သည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

၂၀၁၁ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများ ကျူးလွန်သည့် အထောက်အထားများကို ထိန်းသိမ်းပြီး စိစစ်သုံးသပ်ရန် မြန်မာနိုင်ငံဆိုင်ရာယန္တရားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇဝတ်မှုကျူးလွန်မှုအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

သင့်တွင် IIMM အတွက် အသုံးဝင်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိသည်ဟု ယုံကြည်လျှင်
▪ဆစ်ဂနယ်ခေါ် မက်ဆေ့ချ်ပို့နိုင်သော application ကို ဒေါင်းလုပ် ရယူပြီး IIMM ထံသို့ ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ၀၈ မှတစ်ဆင့် မက်ဆေ့ချ်ပေးပို့၍လည်းကောင်း
▪ပရိုတွန်မေးလ် mountain741@protonmail.com သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

IIMM သို့ အချက်အလက်များပေးပို့ရာတွင် 
▪IIMM မှ သင့်ထံ ဆက်သွယ်ခြင်းကို လက်ခံသည် သို့မဟုတ် လက်မခံနိုင်ကြောင်း၊ လက်ခံလျှင် မည်သည့်နည်းလမ်းများဖြင့် ဆက်သွယ်စေလိုသည်
▪သင် ပေးပို့လိုသည့်သတင်းအချက်အလက်အမျိုးအစား 
စသည်တို့ကို ထည့်သွင်းဖော်ပြရမည် ဖြစ်သည်

IIMM သည် လက်ခံရရှိသော မက်ဆေ့ခ်ျများအားလုံးကို တုန့်ပြန်နိုင်မည် မဟုတ်ပါ။ သို့သော် အကယ်၍ သင့်တွင်အသုံးဝင်သောသတင်းအချက်အလက်ရှိနိုင်သည်ဟု ယူဆရလျှင်၊ နောက်ထပ်သတင်းအချက်အလက်များကို မည်သို့လုံခြုံစွာမျှဝေနိုင်သည့်အကြောင်းကို သင့်အားဆက်သွယ်ပြီး ဆွေးနွေးပါလိမ့်မည်။ သတင်းအချက်အလက်များကို မျှဝေသည့်အခါတွင် သင့်အတွက်ဘေးကင်းလုံခြုံမှုရှိမှသာ မျှဝေစေလိုပါသည်။

အင်တာနက်ပေါ်တွင် ရှိနေပြီးဖြစ်သော အစီရင်ခံစာများကို ပေးပို့ရန်မလိုအပ်ပါ။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီကျင့်ထုံးနှင့် သက်ဆိုင်သည့် အကြောင်းအရာများသည် IIMM ၏ လုပ်ငန်းဆောင်ရွက်မှုဘောင်အတွင်း အကျုံးမဝင်ပါ။

IIMM အကြောင်းပိုမိုသိရှိလိုပါက https://iimm.un.org သို့မဟုတ် https://www.facebook.com/ MyanmarMechanism တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

We join other Embassies in Yangon in welcoming the work of the UN to collect evidence of human rights violations committed in Myanmar since the military coup. It is vital that evidence of any such crimes is collected and preserved, so that it can be used in future criminal proceedings and those responsible can be held to account.

The UN Independent Investigative Mechanism for Myanmar (IIMM) has stated that it is closely monitoring events in Myanmar since the military coup on February 1.

The IIMM was set up by the UN Human Rights Council in 2018 to preserve and analyze evidence of the most serious international crimes and violations of international law committed in Myanmar since 2011. It has the mandate to analyze evidence and build files that could facilitate criminal prosecutions against those responsible in national or international courts.

If you believe you have information that could be useful to the IIMM, you can contact it by the following means:
▪Signal telephone app: +41 76 691 12 08
▪Protonmail email: mountain741@protonmail.com

Your message should indicate:
▪How the IIMM can reach you if you wish to be contacted
▪what kind of information you would like to provide

The IIMM cannot respond to all messages but if it believes that you may have useful information it may contact you and discuss with you how further information can be shared securely. Please only share information if you can do so safely.

You do not need to forward reports that are already on the internet. Issues relating to constitutional processes, elections, and democracy are not within the scope of the IIMM’s work.

For more information about the IIMM, please visit https://iimm.un.org/ or https://www.facebook.com/MyanmarMechanism/

No comments: