Friday, March 19, 2021

အောင်ပန်းပစ်ခတ်မှုများအတွင်း ကျဆုံးသူစုစုပေါင်း ၇ ဦးရှိ

 



အောင်ပန်းပစ်ခတ်မှုများအတွင်း ကျဆုံးသူစုစုပေါင်း ၇ ဦးရှိ
အောင်ပန်းမြို့တွင် ယနေ့ မတ်လ ၁၉ ရက်၊ နံနက် ၈နာရီက၅၅မိနစ်ကစတင်၍၁၁နာရီခွဲအထိ အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် အောင်ပန်း ၆ ဦး၊ကလော ၁ ဦး၊ စုစုပေါင်း ၇ ဦးရှိပြီဟုသိရသည်။ ဒဏ်ရာရသူများကို သယ်ယူ၍ ဆေးအကူအညီရှိရာပို့နေစဥ် ကျဆုံးအလောင်းများအား လက်နက်ကိုင်များကယူသွားဟု အောင်ပန်းနာကူမှပြောသည်။
ဆန္ဒပြဖို့လူတောင်မစုရသေးဘူးဝင်ပစ်တာ၊ မြို့ဟောင်းရပ်ကွက်က တစ်ဦး ရင်ဘတ်မှာ မှန်တယ် ” ဟု အောင်ပန်းမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက စစ်ကား ၆ စီး ၊ ရဲတပ်ရင်းကား ၃ စီး၊ အရာရှိစီးကားငယ်များ၊ ရေထိုးကား ၁ စီး၊ အချုပ်ကား ၂ စီး စုစုပေါင်းကား ၁၆ စီးခန့်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက ဆန္ဒပြနေသူများအား ပစ်ခတ်ဖြိုခွင်းခြင်းမျိုး မဟုတ်ဘဲ မြို့တွင်းရှိ ပိတ်ဆို့ထားသော အတားအဆီးများကို ဖယ်ရှားကာ အကြမ်းဖက် ပစ်ခတ်နေခြင်းဖြစ်သည်။
အိမ်များအတွင်း အကြမ်းဖက်ဝင်ရောက် ရိုက်နှက်ဖမ်းဆီးခြင်းများရှိနေသော်လည်း ဖမ်းဆီးခံဦးရေမည်မျှရှိသည်ကိုမူ မသိရသေးချေ။
ပေးပို့သူ - CJ

တစ်ယောက်လည်ပင်း တစ်ယောက်ဗိုက်ပါ ကျည်အစစ်နဲ့ပါ💥 #အောင်ပန်းအနီရောင်အဆင့်ပါ🙏 19.3.2021

No comments: