Saturday, March 20, 2021

မြန်မာပြည်ပျက်မည်ကို အာဆီယံက ကြည့်မ​နေနိုင်

ကိုယ်ကျိုးရှာ​သော လူတစ်စု လက်တွင် မြန်မာပြည်ပျက်မည်ကို အာဆီယံက ကြည့်မ​နေနိုင်ဟု မ​လေးရှားဝန်ကြီးချုပ်ထုတ်ပြန်
ရန်ကုန်၊ မတ် ၁၉
စစ်​ကောင်စီကို ရည်ညွှန်း​ပြောဆို​သော ကိုယ်ကျိုးရှာ​သော လူတစ်စုလက်ထဲ မြန်မာပြည်ပျက်မည်ကို ကြည့်မ​နေနိုင်၍ အာဆီယံထိပ်သီးအစည်းအ​ဝေး အ​ရေး​ပေါ် ​ခေါ်ယူ​ရေး အင်ဒိုနီးရှား သမတ၏ ​တောင်းဆိုမှုကို မ​လေးရှားဝန်ကြီးချုပ်က ​ထောက်ခံ​ကြောင်း ယ​​နေ့ ​ကြေညာချက် ထုတ်ပြန်သည်။
ထိုထုတ်ပြန်ချက်တွင်ပါဝင်​သော “We in Malaysia, and the larger ASEAN, cannot afford to see our brotherly nation Myanmar become so destabilised at the hands of a selected few, who promote their own vested interests.”
ကိုယ်ကျိုးရှာတဲ့ လက်တစ်ဆုပ်စာ လူတစ်စုလက်ထဲတွင် မိတ်​ဆွေ မြန်မာပြည်ပျက်မှာ သူတို့ ကြည့်မနေနိုင်​ကြောင်း ​ရေးသားထားသည်။
မြန်မာစစ်တပ်က ငြိမ်းချမ်းစွာ မိမိသ​ဘောထား ထုတ်​ဖော်​သောပြည်သူများကို ​သေ​စေနိုင်သည့် လက်နက်များဖြင့် သတ်ဖြတ်​နေခြင်းမှာလည်း လက်မခံနိုင်စရာဖြစ်​ကြောင်း၊ ​အစိုးရ​ခေါင်း​ဆောင်​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမတဦးဝင်းမြင့်အပါအဝင် ထိန်းသိမ်းထားသူများကို ချက်ချင်းလွှတ်​ပေးရန် ​တောင်းဆို​ကြောင်း ​ဖော်ပြထားသည်။
အင်ဒိုနီးရှားသမတက မြန်မာ့အ​ရေးနှင့်ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအ​ဝေး​ခေါ်ယူရန် ​တောင်းဆိုထားပြီဖြစ်သည်။
Khit Thit Media
 


 

No comments: