Tuesday, March 23, 2021

ခန့်ညားဟိန်း ကျည်ထိသွားချိန်မှာကာကွယ်ပေးတဲ့သမီးလေးပုး်မ၂ခုအတပ်ခံရ

ဒီသမီးလေးက တာမွေထိပ်မှာကျဆုံးသွားတဲ့ ဆေးကျောင်းသားလေး ခန့်ညားဟိန်း ကျည်ထိသွားချိန်မှာ ရဲတွေက ဆက်တိုက်ပစ်နေလို့ ဘေးမှာတွေ့တဲ့ ဒိုင်းနဲ့ဘေစင်လေးနဲ့ ပြေးကာပေးတာပါ။ 

ရဲတွေက မိန်းကလေးတစ်ယောက်ကို ကန်ကြောက်ရိုက်နှက်ဖမ်းဆီးသွားတာပါ။ Video File ကို ကြည့်မိကြမှာပါ။အခု ဒီသမီးလေးကို အချုပ်နှစ်ခုပြောင်း၊ ပုဒ်မ၅၀၅(က) တပ်ပြီး အင်းစိန်ထောင်ပို့လိုက်ပါပြီ။ 

ကိုယ့်ရှေ့မှာ ကျည်အစစ်နဲ့ ပစ်ခံရလို့ လဲကျသွားတဲ့ ပြည်သူကို ပြည်သူအချင်းချင်း ကာကွယ်ပေးတာ ပုဒ်မ၅၀၅ နဲ့ ဘာမှမသက်ဆိုင်ဘူး။

သေသူအတွက် ကြေကွဲရသလို
ဖမ်းဆီးခံရသူတွေကိုလည်း အာရုံစိုက်ပေးကြပါဦးနော်🙏
သမီးလေး    သမီးလေး 😪
သမီးလေး😪
အမြန်ဆုံးလွတ်မြောက်စေဖို့ဆုတောင်းပေးကြပါရှင့်🙏🙏🙏

Chaw

No comments: