Monday, March 22, 2021

CRPH က နိုင်ငံခြားရေးဝန်ကြီး မဇင်မာအောင်ဆိုတာ

မဇင်မာအောင် လွှတ်တော်အမတ်

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို ပူးတွဲတည်ထောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း

ရန်ကင်းမြို့နယ် လွှတ်တော်အမတ် မဇင်မာအောင်ဟာ နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ ၁၁ နှစ် ကြာ အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာတဲ့နောက်မှာ နိုင်ငံရေး အကျဉ်းသူဟောင်းတွေအတွက် အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ သူမဟာ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကိုလည်း ပူးတွဲတည်ထောင်ခဲ့ပါတယ်။ ရန်ကင်းမြို့နယ်ရဲ့ လွှတ်တော်အမတ် ဖြစ်လာပြီးတဲ့ နောက်မှာ လူငယ်တွေလာရောက် လေ့လာနိုင်တဲ့ စင်တာ တစ်ခုကိုလည်း ရန်ကင်းမြို့နယ်မှာ တည်ထောင်ပေးထားပါတယ်။

အစ်မမဇင်မာအောင်ရဲ့ကိုယ်ရေးအကျဉ်းလေးပါခင်ဗျာ။စိတ်ဝင်စားသူများ ဖတ်ကြည့်လို့ရအောင်ပါဗျ။

မဇင်မာအောင်ကို ၁၉၇၆ ခုနှစ်မှာ မွေးဖွါးခဲ့ပါသည်။၁၉၈၈ ခုနှစ် တွင်မြောက်ဥက္ကလာ အခြေခံ ပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဒဂုံတက္ကသိုလ် ကျောင်း

သားလှုပ်ရှားမှု တွင် ပါဝင်ခဲ့ပါသည်။

၁၉၉၈ ခုနှစ်တွင်ဖမ်းဆီးခံကျောင်းသားများပြန်လည်လွတ်မြောက်ရေးနှင့် (၁၉၉၀) ရွေးကောက်ပွဲရလာဒ် အရ ရက်ပေါင်း(၆၀) အတွင်းလွှတ်တော်ခေါ်ယူရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၈) နှစ်ချမှတ်ခံခဲ့ရပါသည်။

အင်းစိန်ထောင်နှင့် မန္တလေး ဗဟိုအကျဉ်းထောင်တို့ တွင် (၁၁) နှစ် ကြာအကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင်ပြန်လည်လွတ်မြောက်ခဲ့ပါသည်။

ပြန်လည်လွတ်မြောက်ပြီးနောက် ရန်ကုန် မြို့ American Center တွင် Cultural Impact Study Club , နိုင်ငံရေးအကျဉ်းသားဟောင်းများကိုယ်ထူကိုယ်ထ အစီအစဉ်တို့ ကိုဦးဆောင်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို ပူးတွဲထူထောင်ခဲ့ပါသည်။ နိုင်ငံရေးနှင့် လူမှုစီးပွါးဘဝတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ကိုမြှင့်တင်နိုင်ရေးအတွက် - RAINFALL – Gender Study Group ကိုလည်းပူးတွဲ တည်ထောင်ဆောင်ရွက်ခဲ့ပါသည်။ 

၂၀၁၂ ခုနှစ်တွင် - အမေရိကန်ပြည်ထောင်စု - မှ ချီးမြှင့် သည့် International Women of Courage Award  ကို လက်ခံရရှိခဲ့ပါသည်။

- ၂၀၁၃ ခုနစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဝင်ရောက်ခဲ့ပါသည်

- ၂၀၁၄ ခုနှစ် -ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ကမ္ဘာ့လူငယ်ခေါင်းဆောင်စာရင်းတွင်ဖေါ်ပြခံခဲ့ရပါသည်။

- ၂၀၁၄-၁၅ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် - NED Fellow- အဖြစ်ပညာသင်သွားရောက်ခဲ့ ပါသည်။(Reagan-Fascell Democracy Fellow of National Endowment for Democracy by 2014-2015)

- ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်  ရန်ကင်းမြို့နယ် -အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရပါသည်။

- ပြည်သူ့လွှတ်တော် - ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် လည်းဖြစ်ပါသည်။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွင်ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ၏အတွင်းရေးမှူးအဖြစ်လည်းတာဝန်ထမ်းဆောင်နေပါသည်။ 

- ၂၁ ရာစုပင်လုံ အစည်းအဝေး တွင် လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ အဖွဲ့ဝင်လည်းဖြစ်ပါသည်။

- AWPR – (Asean Women Peace Registry )အာဆီယံ ငြိမ်းချမ်းရေး အမျိုးသမီးမှတ်ပုံတင်အဖွဲ့တွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ်ပါဝင်ပါသည်။

Credit to original uploader

No comments: