Saturday, October 23, 2021

လှိုင် လျှပ်စစ် ရုံးအနီး ယခုနေ့လည် ၁၂ နာရီ တွင် ပေါက်ကွဲမှု ဖြစ်



ရန်ကုန် အောက်တိုဘာ၂၂

ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမနှင့်ကန်လမ်း ထောင့် အနီးရှိ လျှပ်စစ်ရုံးအနီးတွင် နေ့ခင်း ၁၂ နာရီက ပေါက်ကွဲမှုတခု ဖြစ်ခဲ့သည်။ ပေါက်ကွဲသံကို ကိုက်တထောင်အနီးအနားထိ ပတ်ဝန်းကျင်မှ ကြားလိုက်ရပြီး နောက်ဆက်တွဲအသေးစိတ်ကို မသိရသေးပေ။ လူစည်ကားသည့် ဘူတာရုံလမ်းမှတ်တိုင်နှင့် 199 Store တို့ အနီးတွင် ရှိသည့် လျှပ်စစ်ရုံးတွင် စစ်ကောင်စီ တပ်သားများ ပုံမှန် တပ်ချကင်းစောင့် နေသည်မှာ ကာလအတန်ကြာရှိပြီဖြစ်ပြီး ယခင်ကလည်း အနီးအနားတွင်ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။

©️ Burma VJ'

No comments: