Wednesday, November 3, 2021

ထန်တလန်မြို့ကိုမီးဘယ်သူရှို့တာလဲဆိုတာအားလုံးအသိ''


ထန်တလန်မီးလောင်နေစဉ် အေးအေးဆေးဆေးဓါတ်ပုံအရိုက်ခံနေသည့်စစ်ကောင်စီတပ်မှစစ်သား


ထန်တလန်၊ နိုဝင်ဘာ-၃

ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် နေ့ကဖြစ်ပွားခဲ့သည့် မီးလောင်နေသည့်မြင်ကွင်းကို ခလရ (၂၂၂ ) တပ်ရင်းဟုယူဆရသည့်တပ်မှ စစ်သားတစ်ဦးက  စိတ်အေးလက်အေးကြည့်ရှု့နေပုံနှင့် အလှရိုက်ကူးသည့်ဓါတ်ပုံများပေါ်ထွက်လာခဲ့သည်။
  
စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှထွက်လာသော အဆိုပါဓါတ်ပုံများကို ထန်တလန်မြို့အဝင်ဘုန်းကြီးကျောင်းအောက်ဘက်နှင့်တပ်စခန်းအနီးရှိဗျူးပွိုင့်မှရိုက်ကူးထားသည့်ပုံများဖြစ်ကြောင်းသိရသည်။

ရာထူးအဆင့်ကိုဖော်ပြသောတံဆိပ်များတပ်ဆင်ထားခြင်းမရှိသော်လည်း ယခုကဲ့သို့ဝတ်စားပုံမှာ အရာရှိအဆင့်ဖြစ်သည်ဟု ထန်တလန်ဒေသခံအများက  ယုံကြည်နေကြသည်။
 
\"\"စစ်ကောင်စီတပ်တွေကပြောတာ PDF တွေကမီးရှို့ခဲ့တယ်။ မီးငြိမ်းဖို့လာတဲ့စစ်သားတွေကိုအိမ်တွေထဲကနေ ချောင်းပစ်တယ်။ထန်တလန်နှင့်ဟားခါးအကြားသီးရ်မြစ်တံတားကိုဖျက်ဆီးခဲ့ကြလို့မီးသတ်ကားမလာနိုင်ဘူးအမျိုးမျိုးပြောတယ်။ဒါပေမယ့် သူတို့မှာသက်သေပြစရာမရှိဘူး။အခုဒီပုံတွေကိုကြည့်ပါ ။တစ်မြို့လုံးနီးပါးမီးဟုန်းဟုန်းတောက်နေတာမြင်ရတဲ့အနေအထားကို အရာရှိတစ်ယောက်ကအေးအေးဆေးဆေးဓါတ်ပုံအရိုက်ခံနိုင်တယ်၊အေးအေးဆေးဆေးကြည့်နေနိုင်တယ်။နောက်ပြီးကောင်းကင်ဓါတ်ပုံတွေမှာဆိုလည်း မီးလောင်တဲ့နေရာမှာစစ်ကောင်စီတပ်သားတွေပုံတွေကို မြင်နေရတဲ့မှတ်တမ်းတွေကိုဒီဘက်ကချပြနိုင်တယ်။ဒါကြောင့်ထန်တလန်မြို့ကိုမီးဘယ်သူရှို့တာလဲဆိုတာအားလုံးအသိ\"\"ဟု ဒေသခံတစ်ဦးကပြောသည်။

ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်တွင်ဆိုင်​ခန်း ၁၀ဝ ၊ ဘုရားကျောင်း ၂ ကျောင်း၊CB ဘဏ်အပါအ၀င် နေအိမ် ၁၆၄ လုံး မီးလောင်ပြာကျခဲ့ရသည်ဟုGlobal Thantlang Relief အဖွဲ့မှ ထုတ်ပြန်ထားသည်

No comments: