Friday, March 26, 2021

မတ်လတရက်နေ့က

နေရာမသိပါ


စောက်သဲ နာနေအောင် ကြည့် ဒုတိယပုံ

ကြည့်ထား အဲ့မှာ ကြည့်

စောက်သဲ နာနေအောင် ကြည့်
(ကြောက်တက်လည်းကြည့်ဟာ)

အသဲထဲက စွဲနေအောင် နာကျည်း မုန်းတီးရွံရှာ
နေအောင်ကြည့် !

ဘဝတစ်လျှောက်လုံး စစ်/ရဲ လို့ ကြားလိုက်တာနဲ့ 
ခါးသီးနေအောင်ကြည့်ထား !

နင်တို့သားစဉ်မြေးဆက် မုန်းတီးတက်အောင် 
ရင်ထဲနင့်နေအောင်မှတ်ထားပြီး ပြန်သင်ပြလိုက် .!

ကမ္ဘာမကြေဘူး နာတယ်ဆိုတာဒါမျိူး ရင်ထဲကနေ 
တစစ်စစ် နာတယ်ဟာ 💔
#crd

ဦးခေါင်းကို အပစ်ခံရနိုင်ကြောင်း စစ်ကောင်စီက အပြင်းထန်ဆုံးခြိမ်းခြောက်

အာဏာသိမ်းစစ်ကောင်လက်ချက်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃၀၀ ကျော် သေဆုံးပြီးဖြစ် သော်လည်း ဦးခေါင်းနောက်စေ့နှင့် နောက်ကျောကို ဖောက်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု စစ်ကောင်စီက ယနေ့ (မတ် ၂၆) ညပိုင်းတွင် အပြင်းထန်ဆုံးခြိမ်းခြောက်လိုက်သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်ခဲ့သော ‘မြန်မာလူငယ် မျိုးဆက်သစ်အပေါင်းတို့’ ဆိုသော ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဗြောင်ကျကျ သတိပေး ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပြီး မရှုမလှသေခဲ့ရသည်များကို သင်ခန်းစာယူစေလိုသည်ဟုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

လူငယ်အချို့သည် နယ်ချဲ့လက်ပါးစေ၏ သွေးဆောင်ဖျားယောင်းမှုကို နားယောင်နေသည်ဟုလည်း အာဏာသိမ်းစစ်ကောင်စီက မရှက်မကြောက်စွပ်စွဲလိုက်သည့်အပြင် မိဘများအနေဖြင့် ကြိုတင် တားဆီးစေလိုကြောင်းလည်း ခြိမ်းခြောက်ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စစ်ကောင်စီလက်နက်ကိုင်များ၏ လူမဆန်စွာသော ပစ်ခတ်နှိမ်နင်းမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အများစုမှာ အသက် ၂၀ အရွယ် လူငယ်လူရွယ်များဖြစ်ပြီး၊ အသက်မပြည့်သေးသူ ကလေးငယ် ၂၀ ခန့်ကို လည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသူ ၉၀ ရာခိုင်နှုန်းကျော်မှာ အသေပစ်သတ် ခံရခြင်းဖြစ်ပြီး လေးပုံတစ်ပုံကျော်မှာ ဦးခေါင်းကို ထိမှန်အောင်ပစ်ခံရခြင်းဖြစ်ကာ ရည်ရွယ်ချက်ရှိရှိ ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဆိုသော သံသယဖြစ်ဖွယ်ရာများ မြင့်တက်လျက်ရှိသည်ဟု ပြည်တွင်းပြည်ပ ထုတ်ပြန်ချက်များကို ကိုးကားတွက်ချက်ကာ Reuters သတင်းဌာနက ယနေ့ နံနက်ပိုင်းတွင်း ရေးသားထား သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယနေ့ညထုတ်ပြန်ချက်အရ ဖေဖော် ဝါရီ ၁ ရက်နေ့မှ ယနေ့ (မတ် ၂၆) အထိ အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကြောင့် အရပ်သား ပြည်သူ ၃၂၈ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။

https://www.myanmar-now.org/

သေနတ်ဒဏ်ရာဖြင့် လဲနေသောပြည်သူအား လူမဆန်စွာသယ်ဆောင်သွားသည့် သက်သေvideo

 မြိတ်မြို့ သေနတ်ဒဏ်ရာဖြင့် လဲနေသောပြည်သူအား

လူမဆန်စွာသယ်ဆောင်သွားသည့် သက်သေvideo မှတ်တမ်း မတ်လ၂၆၊၂၀၂၁။

ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေကို ပထမဆုံးထမ်းဆောင်သူဟာဗိုလ်ချူပ်အောင်ဆန်းပါ၊

ဘယ်လိုနည်းနဲ့မှသမိုင်းကိုပုံဖျက်လို့မရပါဖူး။မအလရူးသွားတာကိုဘောမတွေကအလိုက်အထိုက်ပဲမျက်လုံးမှိတ်လိုက်ကြပုံရတယ်၊ဝဇီပိတ်ကယတြာခြေခိုင်းပြန်ပြီလာ:မသိဖူး၊ နှစ်၈၀ အကြာမှာ မအလ က ဗိုလ်ချူပ်အောင်ဆန်းရုပ်ထုကိုစစ်သမိုင်းကဖယ်လိုက်ပေမယ့် https://my.m.wikipedia.org/ ကနေပါဖယ်နိုင်မှာလားစောင့်ကြည့်ရမှာပါ။


အခုနှစ်၈၀အကြာမှာသမိုင်းတကြော့ပြန်လည်ချေပြီ၊

မြန်မာ့ဖက်ဒရယ်အာမီကို မြန်မာနိုင်ငံရဲ့တောင်စွန်း

ကော့သောင်းအထိစီးနင်းရာလမ်းတလျောက်မှာဝင်

လာမယ့် G.ZY တွေနဲ့ ခေတ်သစ် ဘီအိုင်အေ ကို

လှိုက်လှဲစွာဖြင့် ကြိုဆိုအပ်ပါတယ်။

--------------------------------

ဘီအိုင်အေ ဖွဲ့တာ နှစ်၈၀ပြည့်

BIA ကို လမ်းတလျှောက် ဝင်လာတဲ့ အရပ်သားတွေနဲ့ ဖွဲ့

ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်မှာ အင်္ဂလိပ် အုပ်စိုးမှုကို တွန်းလှန်ဖို့ မြန်မာ လူငယ်တွေ ဖွဲ့ခဲ့တဲ့ ဘီအိုင်အေ ဗမာ့ လွတ်လပ်ရေး တပ်မတော် တည်ထောင်တာ နှစ်၈၀ပြည့်သွားပါပြီ။

၁၉၄၁ ဒီဇင်ဘာလ ၂၆ ရက်က ယိုးဒယား နိုင်ငံ ဘန်ကောက် မြို့တော်က ဘော်နီယို ကုမ္ပဏီ ရုံးမှာ ဗိုလ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော် သုံးကျိပ်နဲ့ ရှမ်းဗမာ လူငယ်တွေ လက်မောင်း သွေးဖောက် သစ္စာပြုပြီး တည်ထောင် ခဲ့တာပါ။ ရဲဘော် သုံးကျိပ်ကို ဂျပန် စစ်တပ်က လျှို့ဝှက် စစ်ပညာ သင်ပေးခဲ့ပြီး ဘီအိုင်အေ ဖွဲ့ချိန်မှာ ဗိုလ်မိုးကြိုး စတဲ့ ဂျပန် စစ်ဘက် အာဏာပိုင်တွေက အုပ်ချုပ် စွက်ဖက် ခဲ့ကြပါတယ်။


ဒီတုန်းက ပြည်တွင်းက လူငယ်တွေဟာ ဘီဘီစီ ဗီအိုအေ စတဲ့ ပြည်ပ အသံလွှင့် ဌာနတွေက ရတဲ့ စစ်သတင်း တွေကို အားကိုးပြီး စည်းရုံး လှုပ်ရှား ခဲ့ကြတယ်လို့ နယ်ချဲ့ ဆန့်ကျင်ရေးမှာ အထက် ဗမာပြည် နယ်မြေ ခေါင်းဆောင် တယောက် အနေနဲ့ ပါဝင်ခဲ့တဲ့ ပါလီမန် အတွင်းဝန်ဟောင်းနဲ့ NLD သဘာပတိ အဖွဲ့ဝင် ဦးသန်းထွန်းက ပြောပြပါတယ်။

ဘီအိုင်အေဟာ ဂျပန်တပ်နဲ့အတူ ဝင်လာတဲ့ လမ်းကြောင်း တလျှောက်မှာ ပူးပေါင်း လာကြတဲ့ အရပ်သား တွေကို လေ့ကျင့် သင်ကြား ပေးတာနဲ့အတူ နယ်မြေ တည်ငြိမ်ရေးကို ဆောင်ရွက် ခဲ့ရတယ်၊ တိုင်းပြည် လွတ်လပ်ရေး အတွက် စိတ်ထက်သန် နေကြတဲ့ အချိန်မို့လို့ စည်းလုံး ညီညွတ် ခဲ့ကြတယ် လို့လဲ ဦးသန်းထွန်းက ဆိုပါတယ်။


လက်ရှိ မြန်မာ စစ်တပ် အနေအထား ကတော့ ၁၉၆၂ အာဏာ သိမ်းပြီး နောက် တပ်က အရပ် ကိစ္စမှာ ဝင်စွက် နေတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး အခြေအနေ တွေကို မထိန်းသိမ်း နိုင်တဲ့ အထိ ဖြစ်ရတယ်လို့ ဦးသန်းထွန်းက ထောက်ပြပါတယ်။

ဒီအခြေအနေတွေက ပြုပြင်နိုင်ဖို့ ဖွဲ့စည်းပုံ ဥပဒေက 

စပြင်ဖို့ လိုပြီး တပ်က တိုင်းပြည် ကာကွယ်ရေးမှာပဲ 

ပါသင့်တယ်လို့ ဝေဖန်ချက် ပေးပါတယ်။

https://www.bbc.com/burmese/burma/2012/12/121225_bia71



မင်းအောင်လှိုင်စစ်ကောင်စီမှ ဗိုလ်ချုပ်အောင်ဆန်းအား တပ်မတော်သမိုင်းမှ ပယ်ဖျက်

ရဲဘော်သုံးကျိပ်တည်ထောင်သူမှာ 

အင်္ဂလန်နိုင်ငံသား ဗိုလ်ချုပ် စမစ်ဒွန်းဟု မှတ်တမ်းတင်


စောက်ကျိုးနဲ   ဟဲ့

ဘယ်လိုဆဲရမှန်းတောင်မသိတော့ဘူး


(အခုလေးတင်ပဲ သံဗုံးတီးပြီး အိမ်ထဲအဝင် အမေ MWD သတင်း ကြည့်နေတာတွေ့လို့ ခနရပ်ကြည့်လိုက်တယ်။ အမေက ပုံမှန်ကြည့်ပါတယ် သူတို့ဘာတွေလိမ်နေလဲ ဘယ်ခြေလှမ်းတွေ လှမ်းတယ်ဆိုတာ သိချင်လို့ပါတဲ့။ ၅မိနစ်အတွင်း တွေ့ရတဲ့ သတင်းတွေကို တင်ပြလိုက်ပါတယ်


(၁) ။  ဗိုလ်ချုပ်အောင်ဆန်းကို လုံးဝ တပ်မတော်သမိုင်းက ဖယ်ရှားလိုက်ပါတယ်။ ရဲဘော် သုံးကျိပ်ကို စတင်တည်ထောင်တာ ဗိုလ်ချုပ်စမစ်ဒွန်းပါတဲ့။ ပြီး ကျွန်မတို့ နိုင်ငံကို စုတ်ပြတ်သတ် မွဲတေတဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းဖျက်ဆီးသွားတဲ့ နေဝင်းက ဒုတိယပါ။ ပြီးတော့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား ပြန်သွားမယ်ပြောတဲ့ စောမောင်ပါတဲ့ ။ ရှင်းတယ်နော် ။ ရုပ်ထုတွေအကုန်လုံးကို သေချာရိုက်ပြပါတယ်။ 


(၂)။ ဆရာတော်တွေကို ဆွမ်းကပ်ပြပါတယ်။ ကတော်တွေအကုန် အကျီဆင်တူ လုံချည်ဆင်တူ ဝတ်ထားပါတယ်။ အရမ်းညီညွှတ်ကြောင်း၊ တသားတည်းဖြစ်ကြောင်း ပြတဲ့အနေနဲ့ ထင်ပါတယ်


(၃)။ မအလ မိန့်ခွန်းပြောနေတုန်း အားလုံး မတ်တပ်ရပ်ပြီး တောင့်တောင့်ကြီးနေရပါတယ်။ မအလက တပ်မတော်ကြီး (ပြည်သူ့အခေါ် သူပုန်တပ်) ကြီးက မြန်မာနိုင်ငံမှာ မရှိမဖြစ်ဆိုတာ အားလုံးလက်ခံရမယ်လို့ ပြောပါတယ်။


ဆိုတော့ နိဂုံးချုပ်ပြောရရင် သူတို့နောက်မဆုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် တပ်မတော်သမိုင်းမှာ မထည့်နိုင်၊ ရုပ်ထုအတွက်တောင် နေရာမပေးပဲနဲ့ သမိုင်းကို ပြောင်းပြန်လှန်နေပါပြီ ။ 


မနာလိုအားကြီးပြီး ရူးနေတဲ့ လူတစ်စုလက်အောက်မှာတော့ သေတောင် မနေပါဘူး။ ယုတ်မာလိုက်တာ အောက်တန်းကျလိုက်တာ ပြောစရာတောင် မရှိပါဘူး


25-03-2021


Credit Sophi


Photo credit >ဇာနည်


မြိတ်မှာအခြေအနေဆိုးနေပါတယ်

သံအမတ်ကြီးသောမတ်စ် ဗိုက်ဒါနှင့် မစ္စအေမီဆေဘေ့စ်ကိုညီညီအောင်ထက်နိုင် အားဂါရဝပြု

 သံအမတ်ကြီးသောမတ်စ် ဗိုက်ဒါနှင့် မစ္စအေမီဆေဘေ့စ် တို့သည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြရင်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁ က ကျောင်းတစ်ကျောင်းရှေ့တွင် အသက်ဆုံးရှုံးခဲ့ရသော အသက် ၂၃ နှစ်အရွယ် နက်ဝပ်အင်ဂျင်နီယာ ကိုညီညီအောင်ထက်နိုင် အားဂါရဝပြုသည့်အနေဖြင့် လွမ်းသူပန်းခြင်းတစ်ခု ယနေ့သွားရောက်ချခဲ့ပါသည်။ ဖေဖော်ဝါရီ ၁ ရက်ကစတင်၍ အသက်ပေးခဲ့ကြရသောသူအားလုံးကို မိမိတို့ အမှတ်ရကာ ဂါရဝပြုအပ်သည်။


Ambassador Thomas Vajda and Ms. Amy Sebes laid a wreath today at the site where 23-year-old network engineer Nyi Nyi Aung Htet Naing died in front of a school on February 28, 2021. We honor the memory of all those who have lost their lives since the February 1 coup.
 ရန်ကုန်အမေရိကန်သံရုံး

အကြမ်းဖက်တွေ ရဲ့တင့်ကားတွေတည်ရှိရာနေရာ

March 25, 2021

စစ်အစိုးရရဲ့ တင့်ကားသိုလှောင်ရေးစခန်းဆိုပြီး သိရပါတယ်။ 


20*3149N  95*2224E

၂၀၁၄ လောက်ကတည်းက လူမသိသူမသိ စတင်အကောင်အထည်ဖော် ဆောက်လုပ်ထားခဲ့တယ်လို့ သိရပါတယ်။ အနီးနားဝန်းကျင် ရွာတွေက ပိုသိကြပါလိမ့်မယ်။ 


တွေ့နေရတဲ့ အကျယ်အဝန်းနဲ့ အဆောက်အဦးရဲ့ ပမာဏကို ဘေးက ဝန်ထမ်းအိမ်ယာလေးတွေနဲ့ ယှဉ်ကြည့်ပါ။ အဆမတန် ကြီးမားနေတာကို မြင်ရပါလိမ့်မယ်။ 

စစချင်းတုန်းက စခန်း ၆ ခုလို့ သိခဲ့ရပေမယ့် လက်ရှိ မြေပုံမှာ မြင်ရတဲ့ အနေအထားအရ စုစုပေါင်း ၁၆ ခုထိ ရှိနေပါပြီ။ 

လောလောဆယ် အနေအထားအရ သူတို့ တင့်ကားတွေကို နေရာအနှံ့ ဖြန့်ကောင်းဖြန့်ထားနိုင်ပါတယ်။ သို့သော် Camp တစ်ခုရဲ့ Base ကို သိထားရခြင်းဟာလည်း တကယ့်အရေးကြုံလာရင် အားသာချက် ဖြစ်လာနိုင်ပါတယ်။ 

နေပြည်တော်၊ ပျော်ဘွယ်၊ မိတ္ထီလာ နဲ့ အနည်းငယ်လှမ်းပေမယ့်၊ နက်မောက်၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး ၊ ၊ မကွေး တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ 

ရွာမွန်ရွာနဲ့ အနီးဆုံးဖြစ်ပါတယ်။ 

ရန်ကုန် မန်းလေး အမြန်လမ်းမှ နေပြည်တော်ဘက်မရောက်မီ လမ်းခွဲကနေ သွားရင် အဲ့နေရာကိုရောက်နိုင်ပါတယ်။ 

အခု Google Earth ကနေ သွားကြည့်ပြီး တင်ထားတာပါ။ 

R2P နဲ့ သတ်ဆိုင်ရာ တော်လှန်ရေးသမားများအတွက် တစ်စုံတစ်ခုသော အထောက်အပံံ့ ဖြစ်စေသောငှါ တင်လိုက်ပါတယ်။ 

နောက်ထပ် အသေးစိပ် info ကို ထပ်တင်ပါ့မယ်။ 

#အရေးတော်ပုံအောင်ရမည်။ 

#credit



US သံရုံးကညီညီအတွက်ဂုဏ်ပြုပန်းခွေလာရောက်ချီးမြှင့်


8 နာရီခွဲမှာ US သံရုံးကညီညီအတွက်ဂုဏ်ပြုပန်းခွေလာရောက်ချီးမြှင့်ထားတာကို 9နာရီမှာရဲကားငါးစီးလောက်ကလာရပ်ပြီးယူသွားပါတယ်😠